Friday, April 11, 2014

သိပ္ပံမောင်ဝ

ကိုလိုနီခေတ် ကျွန်သဘောက်ဘ၀ရောက်ချိန်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်များ၊ ညှိုးခြောက်။ ယဉ်ကျေးမှုနှင့် စာပေကို ဖျက်ဆီးနှောင့်ယှက်နှိမ့်ချမှုခံနေရသည့် အခါသမယတွင် မြန်မာစာပေဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ခဲ့သည့် ခေတ်စမ်းစာပေခေတ်အကြောင်းပြောလျှင် စာရေးစာရာသိပ္ပံမောင်ဝကို ချန်လှပ် ၍မရနိုင်ပါ။
သိပ္ပံမောင်အမည်ရင်း ဦးစိန်တင်ကို မောင်လမြိုင်မြို့၊ နတ်ကျွန်းရပ်၌ အဖဦးအုန်းရွှေ၊ အမိဒေါ်သစ်တို့မှ ၁၂၆၀ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။

ကျောင်းသားအရွယ် အင်္ဂလိပ်ကျောင်းနေစဉ်ကာလ၌ တောင်ဝိုင်းကြီး၊ ရွှေကျင်တိုက် ဆရာတော် ဦးပညာ ဇောတထံမှ မြန်မာပါဠိဘာသာရပ်တို့ကို ပညာသင်ယူခဲ့သည်။ သတ္တမတန်းစာမေးပွဲအောင်မြင်ပြီး သျှင်မဟာဗုဒ္ဓဃောသကျောင်းတွင် ပညာသင်ကြားနေစဉ်ကပင် သတင်းစာများတွင် "၀ဇီရတင့်" အမည် ဖြင့် ဆောင်းပါးများစတင်ရေးခဲ့သည်။ရန်ကုန်ကောလိပ်ကျောင်းတွင် ပညာသင်ကြားနေစဉ် ၁၉၂၀ ခုနှစ်တွင် ရန်ကုန်ကောလိပ်ကျောင်းတွင်  ပညာသင်ကြားနေစဉ် ၁၉၂၀ ပြည်နှစ် ကျောင်းသားသပိတ် ပေါ်လာသည့်အခါ ရန်ကုန်မြို့မကျောင်းတွင် ကျောင်းဆရာအဖြစ် ၀င်ရောက်အမှုထမ်းသည်။ ၁၉၂၃ ခုနှစ် တွင် ရန်ကုန်ကောလိပ်ကို ပြန်တက်ခဲ့ပြီး ၁၉၂၄ ခုနှစ် အိုင်အေစာမေးပွဲတွင် မြန်မာစာပထမ "သားဒို့မောင်" ကိုရရှိခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် မြန်မာဘာသာဂုဏ်ထူးဖြင့် ဘီအေစာမေးပွဲကိုအောင် မြင်သည်။ ထို့နောက် ဦးစိန်တင်သည် အိုင်စီအက်စာမေးပွဲအောင်မြင်ပြီး အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ဒ့် တက္ကသိုလ်၌ ပညာဆည်းပူးပြီး မြန်မာပြည်သို့ ပြန်ရောက်သည်တွင် အုပ်ချုပ်ရေးဌာနတွင် မြို့ပိုင်၊ နယ်ပိုင်၊ အရေးပိုင်အထိဆောင်ရွက်ခဲ့သည်။
သိပံ္ပမောင်ဝ၏ စာပေများကို ဖတ်ရှုသူတိုင်းနှစ်ခြိုက်သည်။ စကားလုံးရှင်းလင်းပြေပြစ်၊ ၀ါကျတိုတောင်း၍ အဓိပ္ပာယ်ပြည့်စုံသည်။ မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်စမ်းစာပေကို ဇော်ဂျီ၊ မင်းသုဝဏ်၊ သိပ္ပံမောင်ဝတို့က ဦးဆောင်ခဲ့၏။ ခေတ်သစ်နှင့် ခေတ်ဟောင်းတို့၏ မြန်မာစာပေစကားပြေအရေးအသား လွန်ဆွဲပွ္ပဲ ဝေဖန်ချက်၊ သုံးသပ်ချက်များကို သိပ္ပံမောင်ဝက တုံ့ပြန်ဖြေရှင်းရေးသားအောင်မြင်မှုကြောင့် ခေတ်စမ်းစာပေအရေးအသားအမြစ်တွယ်ခဲ့သည်။
သိပ္ပံမောင်ဝစာမေကျေးဇူးမှာ မြန်မာစာပေဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်အတွက် အဓိကမောင်းနှင်အား တစ်ခုဖြစ်သည်ဆိုက မမှားနိုင်ပါ။ ဗျူရိုကရက်အရာရှိဖြစ်လင့်ကစား သိပ္ပံမောင်ဝ၏ စာပေပညာသည် ကိုလိုနီစရိုက်ကို ကောင်းချီးပေးသည့်စာများမဟုတ်ပေ။ ကလောင်အမည်ခွဲများဖြင့်လည်း စာနယ်ဇင်းများတွင် ရေးသားခဲ့သည်။
ဒုတိယကမ္ဘာစစ်တွင်းကာလ ၁၉၄၂ ခုနှစ်၊ ဇွန်လ(၆) ရက်နေ့တွင် ကန့်ဘလူမြို့နှင့် ၁၀ မိုင်ကွာ ၀ါးဒါးဆည် ကြီးရွာ ဗိုလ်တဲ၌ မသမာသူလူဆိုးတို့၏လက်ချက်ဖြင့် အသက်သေဆုံးခဲ့ရသည်။

No comments:

Post a Comment

back to top